💢 လူငယ်တွေဟာ သူတို့ရဲ့ဘဝမှာ

ဘာသာစကားကျွမ်းကျင်မှု၊ သင်္ချာပညာ၊ ကွန်ပြူတာနဲ့ ဝိဇ္ဇာသိပ္ပံပညာတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတွေကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ လက်တွေ့ကျွမ်းကျင်တက်မြောက်ထားရမယ့် Life Skills လို့ခေါ်တဲ့ တက်သိပညာတွေလည်း အထူးလိုအပ်ပါရတယ်။ ဒီ Life Skills တွေကို ကျွမ်းကျင်စွာ နားလည်တတ်မြောက်ထားမယ်ဆိုရင် သူတို့ရဲ့ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ ကြုံလာရမယ် စိန်ခေါ်မှုတွေကို ယုံကြည်မှုရှိရှိ ရင်ဆိုင်ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ 

💢ဒီအစီအစဉ်မှာဆိုရင် လူငယ်တွေ မဖြစ်မနေသိထားသင့်တဲ့ Practical Life Skills အချက် 30 ကို လက်တွေ့ကျကျ ဆွေးနွေးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ YSEALI နဲ့ Real Youth Initiate အဖွဲ့အစည်းတို့မှ ပညာဒါနအနေနဲ့ အခမဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

💢ကိုယ်တိုင်သိချင်လို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ သားသမီးနဲ့ တပည့်တွေကို ပြန်လည်မျှဝေချင်လို့ပဲဖြစ်ဖြစ် မည်သူမဆို အသက်အရွယ်ကန့်သတ်ချက်မရှိ ပါဝင်နိုင်ပါတယ်။